On Job Training ( OJT )
စာရင်းကိုင်ပညာအားစာတွေ့သင်ကြားပြီးသူများအတွက်လုပ်ငန်းခွင်များသို့ အခက်အခဲမရှိတိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်ရန်လုပ်ငန်းခွင်လက်တွေ့လုပ်ကိုင်မှုများအတိုင်းကွန်ပြူတာဖြင့်
တွဲဖက်လုပ်ကိုင်ရသောလုပ်ငန်းစဉ်များကိုပါသင်ကြားပေးမည်ဖြစ်ပါသည်။စာရင်းအင်းပညာရပ်များနှင့်ပတ်သက်၍အလုပ်အကိုင်လျှောက်ထားရာတွင်မိမိကိုယ်မိမိယုံကြည်မှုရှိစေပြီးအမှန်
တကယ်လုပ်ငန်းခွင်အတွင်းသို့ဝင်ရောက်လုပ်ကိုင်နိုင်သည့်အရည်အသွေးများရရှိစေရန် (Mannual Accounting, Financial Statement, Internal Auditing, Stock, Control)စသည့်ဘာသာရပ်များကိုလုပ်ငန်းခွင်တွင်ကြုံတွေ့ရနိုင်သောအခက်အခဲများကိုလက်တွေ့သင်ကြားမှုများဖြင့်ပို့ချပေးမည်။ထို့အပြင်အလုပ်အကိုင်ရှာဖွေနေသူများအတွက်အဓိက
အရေးပါသောအင်တာဗျူးဖြေဆိုနည်းများအပါအဝင်စာရင်းကိုင်တစ်ဦးအတွက် ( Business Letter for Accountant ) စီးပွားရေးဆိုင်ရာလုပ်ငန်းသုံးစာများကိုအင်္ဂလိပ်ဘာသာဖြင့်
ရေးသားလေ့လာနိုင်ရန်လမ်းညွှန်ပေးမည်ဖြစ်သည်။သက်ဆိုင်ရာဘာသာရပ်များနှင့်အင်တာဗျူးဖြေဆိုမှုများအားလုံးကိုသင်ကြားရာတွင်ခေတ်မီထိရောက်စေမည့်နည်းလမ်းများအားသက်
ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်အတွေ့အကြုံရှိသောဆရာများကသင်ကြားပို့ချပေးမည်ဖြစ်သည်။ စာရင်းကိုင်ပညာရပ်များကိုသင်တန်းအမျိုးမျိုးတွင်တက်ရောက်ပြီးသော်လည်းလုပ်ငန်း
အတွေ့အကြုံမရှိသေးသောကြောင့်အလုပ်အကိုင်လျှောက်ထားရာတွင်အခက်အခဲများနှင့်ရင်ဆိုင်နေရသည့်လူငယ်များအတွက်ရည်ရွယ်၍သင်ကြားပို့ချပေးသည့်သင်တန်းဖြစ်သည်။
သင်တန်းပြီးဆုံးပါက မိမိတွင် လုပ်ငန်းအတွေ့အကြုံ များမရှိခဲ့ဖူးလျှင်ပင်ယုံကြည်စွာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်လမ်းညွှန်ပို့ချပေးမည်ဖြစ်သည်။
OJT TIME TABLE
|
Section |
Opening Date 29.10.2011 |
|
Sat |
06:00 to 08:00 PM |
|
Sun |
06:00 to 08:00 PM |
|