Mobirise

ACCA



ACCA - ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS (ACCA) UK

ACCA(UK) တွင် အပိုင်း (၃) ပိုင်း ရှိပါသည်။

Fundamentals Level (9 Papers)

( Part I ) Knowledge Module (3 Papers)
F1 - Accountant in Business
F2 - Management Accounting
F3 - Financial Accounting


( Part II ) Skill Module (6 Papers)
F4 - Corporate & Business Law
F5 - Performance Management
F6 - Taxation
F7 - Financial Reporting ~ (Dip IFR)
F8 - Audit & Assurance
F9 - Financial Management


( Part III ) Professional Level (5) Papers
Essentials Module (all 3 papers)
P1 - Governance, Risk and Ethics
P2 - Corporate Reporting
P3 - Business Analysis


Optional Module (choose 2 papers only)
P4 - Advanced Financial Management
P5 - Advanced Performance Management
P6 - Advanced Taxation
P7 - Advanced Audit and Assurance

ACCA(UK)Qualification တစ်ခုဖြစ်သည့် Certified Accounting Technician (CAT)Advanced Level ဖြစ်သော
Foundations in Accountancy (FIA) ~ Same as ACCA(UK) Part(I)

FAB - Foundation in Accountant in Business ~ Same as ACCA(UK) - F1
FMA - Foundation in Management Accounting ~ Same as ACCA(UK) - F2
FFA - Foundation in Financial Accounting ~ Same as ACCA(UK) - F3

ACCA(UK) ဘာသာရပ်များကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများနှင့် LCCI Level (III) ပြီးဆုံးသူများ တက်ရောက်နိုင်ပါသည်။

ACCA(UK) ဘာသာရပ်များအား တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ် မတက်ရောက်ရသေးသော ကျောင်းသား/ သူများ အနေနှင့် တက်ရောက်သင်ကြားလိုပါက LCCI Level (III) Diploma ရရှိထားခြင်း ရှိရမည်ဖြစ်ပြီး ACCA(UK)Part (I) Knowledge Module မှ F1, F2, F3 ဘာသာရပ် (၃) ခု နှင့်တူညီသော ACCA (UK)Qualification တစ်ခုဖြစ်သည့် Certified Accounting Technician (CAT)Advanced Level ဖြစ်သော Foundations in Accountancy (FIA) Program မှ FAB, FMA, FFA ဘာသာရပ် (၃) ခု ကို စတင်တက်ရောက်နိုင်ပါသည်။

ACCA ပြီးမြောက်ရန် အထက်ဖော်ပြပါ စုစုပေါင်း (၁၄) ဘာသာနှင့် Professional Ethics Module ဖြေဆို အောင်မြင်ရပါမည်။

Diploma in Accounting and Business

ACCA Part (I) Knowledge Module ၏ F1, F2, F3 ဘာသာရပ် (၃) သို့မဟုတ် FIA programFAB, FMA, FFA ဘာသာရပ် (၃) ခု အား ဖြေဆိုအောင်မြင်ပြီးပါက ACCA (UK) မှ ပေးအပ်သော Diploma in Accounting and Business ကို ရယူနိုင်ပါသည်။

Advanced Diploma in Accounting and Business

ACCA(UK)Fundamental Level - 9 Papers (Part I မှ 3 Papers နှင့် Part II မှ 6 Papers) အား ဖြေဆိုအောင်မြင်ပြီးသူများ အနေဖြင့် Professional Ethics Module ကို ထပ်မံဖြေဆိုပြီး Advanced Diploma in Accounting and Business ကို ရယူနိုင်ပါသည်။

B.SC (Hons) Degree in Applied Accounting

ACCA(UK)Fundamental Level - 9 Papers အား ဖြေဆိုအောင်မြင်ပြီး၍ အောက်ပါ အချက်အလက်များနှင့် ပြည့်စုံပါက Oxford Brookes University မှ ပေးအပ်သော B.Sc (Hons) Degree in Applied Accounting ကို လျှောက်ထားနိုင်ပါသည်။

ACCA Part I (၃)ဘာသာပြီးဆုံးပြီး F7, F8, F9 မဖြေဆိုမှီ သတ်မှတ်ထားသော English Level Certificate (eg. IELTS 6.5 မှတ်က ACCA သို့ တင်သွင်းပြီး B.Sc Programmer ရယူလိုကြောင်း ရွေးချယ်ထားရပါမည်။

Fundamental Level Paper F1 to F9 အောင်မြင်ပြီးပါက ACCA ၏ Professional Ethics Module ကို ဖြေဆိုပြီး စာလုံးရေ (6,500) ပါရှိသော Research & Analysis Project ကို Oxford Brookes University သို့ တင်သွင်းရမည် ဖြစ်သည်။

မိမိရရှိထားသော ဘွဲ့မှ Exemption ရသော Paper များမှာ F4, F7, F8, F9 တို့ ဖြစ်ပါက Exemption မယူကြောင်း ACCA သို့ ကြောင်းကြားရမည်။

Diploma in International Financial Reporting ( Dip IFR)

ဘွဲ့ ရရှိပြီးသူများ၊ LCCI Level (III) Diploma ရရှိပြီး သူများ နှင့် Accounting Course တစ်ခုခု ပြီးဆုံးပြီး Accounting Fields တွင် လုပ်ငန်း အတွေ့အကြုံ (၃) နှစ် လုပ်ကိုင်ပြီးသော သူများ တက်ရောက်နိုင်ပါသည်။

Dip IFR တွင် သင်ကြားရမည့် ဘာသာရပ်သည် ACCA Part (II) Skill Module တွင် ပါဝင်သော F7 - Financial Reporting ဘာသာရပ် ကို သင်ကြားရမည် ဖြစ်သည်။

Exemption လျှောက်ထားနိုင်သော ဘာသာရပ်များ

CPA - F8
B.Com, B.At - F1, F2, F3, F4
Dip in Accounting (DA Myanmar) - F2, F3
BA(Eco), BA(BM), B.Ecom(Eco),BBM- F1
MBA-F1,F2,F3/DIP IFR -F7

စာမေးပွဲ ဖြေဆိုခြင်း

ACCA Part (I) စာမေးပွဲမှာ Computer Based Exam (CBE) ဖြစ်ပြီး လစဉ် စာမေးပွဲ ရှိပါသည်။
ACCA ၏ အခြားစာမေးပွဲများမှာ March,June,September နှင့် December တွင် တစ်နှစ်လျှင် လေးကြိမ်ဖြေဆို နိုင်ပါသည်။

Registration Fees, Annual Fees သွင်းခြင်း

ACCA Registration Fees မှာ တစ်ကြိမ်သာ သွင်းရန်လိုပါသည်။
FIA တက်ရောက်သော ကျောင်းသားများ အနေနှင့် Registration အရင် လုပ်ရပါမည်။
တက္ကသိုလ်မတက်ရောက်ရသေးသော်လည်း FIA Program မှ FAB, FMA, FFA (၃) ဘာသာအား ဖြေဆို အောင်မြင်ပြီးပါက ACCA Part (II) Skill Module သို့ တက်ရောက်လျှင် FIA Program တက်ရောက်စဉ်တွင် Registration Fees သွင်းထားပြီးပြီ ဖြစ်သောကြောင့် Registration Fees အား ထပ်မံ ပေးသွင်းရန်မလိုဘဲ ACCA Part(II) Skill Module သို့ တိုက်ရိုက် တက်ရောက်နိုင်ပါသည်။ ACCA Part I အတွက် Exemption Fees လည်း ပေးရန်မလိုဘဲ တက်ရောက်နိုင်ပါသည်။
Registration ရပြီးသော ကျောင်းသားများ အနေနှင့် ACCA Annual Fees ကို နှစ်စဉ် ပေးသွင်းရပါမည်။
Annual Fees ကို နှစ်စဉ် January 31 ရက်တွင် နောက်ဆုံးထား၍ ပေးသွင်းရန် လိုအပ်ပါသည်။

ACCA Registration Fees & Annual Feees
Registration Fees - US $ 130.00
Annual Fees - US $ 130.00

Course Fees
ACCA Part (I) Knowledge Module - 170,000/- Ks per subject
ACCA Part (II) Skill Module - 190,000/- Ks per subject
Dip IFR - 210,000/- Ks per subject

Exam Fees
ACCA Part (I) Knowledge Module - around US $ 120.00 per subject
ACCA Part (II) Skill Module - around US $ 135.00 per subject
Dip IFR - around US $ 350.00

ACCA နှင့် Dip IFR Registration ပြုလုပ်ရန်အတွက် လိုအပ်သော အချက်အလက်များ
Passport size Colour Photo (၂) ပုံ
မှတ်ပုံတင် Notry မိတ္တူ (၂) စုံ
ဘွဲ့လက်မှတ် မိတ္တူ (၂) စုံ
ဘွဲ့လက်မှတ် Notry မိတ္တူ (၂) စုံ
ဘွဲ့မရသေးသော ကျောင်းသား/သူများ အနေဖြင့်
တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူ (၂) စုံ
တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် Notry မိတ္တူ (၂) စုံ (သို့မဟုတ်)
တက္ကသိုလ်တက်ကြောင်း ထောက်ခံစာ မိတ္တူ (၂) စုံ
တက္ကသိုလ်တက်ကြောင်း ထောက်ခံစာ Notry မိတ္တူ (၂) စုံ
Accounting နှင့် ပတ်သက်၍ Certificate/ Diploma မိတ္တူ (၂) စုံ
Other Certificate မိတ္တူ (၂) စုံ
Exemption လျှောက်မည့်သူများ တက္ကသိုလ် First Year to Final အမှတ်စာရင်း မိတ္တူ (၂) စုံ
Dip IFR Registration လုပ်မည့်သူများ Accounting Field တွင် လုပ်ငန်း အတွေ့အကြုံ (၃) နှစ် ရှိကြောင်း ထောက်ခံစာ မိတ္တူ (၂) စုံ ပေးရပါမည်။

မှတ်ချက်
(6) လ အတွင်း ပြန်ထားသော Notry များသာ အကျုံးဝင်ပါသည်။
တက္ကသိုလ်အမှတ်စာရင်းများ မြန်မာလို ဖြစ်နေပါက Notry ပြန်ပေးရပါမည်။
ဘွဲ့လက်မှတ်တွင် အင်္ဂလိပ်လို ပါသော်လည်း Notry ပြန်ပေးရပါမည်။

Discount Program

NLA ၏ ကျောင်းသားဟောင်းများ အနေဖြင့် သုံးနှစ်အတွင်း ACCA, Dip IFR ဘာသာရပ်များ ဆက်လက် တက်ရောက် သင်ကြားမည်ဆိုပါက တစ်ဘာသာလျှင် 10,000/- ကျပ် Discount ရရှိပါမည်။

ဘာသာရပ်တစ်ခုတည်းအား Series ဆက်တိုက် ပြန်လည် တက်ရောက်သင်ကြားမည် ဆိုပါက 50% Discount ရရှိပါမည်။

ACCA နှင့် DIF IFR စာမေးပွဲတွင် အောင်မြင်မှုမရ၍ကျရှုံးသော ဘာသာရပ်များအား Series ဆက်တိုက် ပြန်လည်တက်ရောက်မည်ဆိုပါက 25% Discount သွင်းပြီး ပြန်လည် တက်ရောက်သင်ကြား နိုင်ပါသည်။

ACCA Subject ကို UK Exam ဖြေဆိုပြီးကျ Series ကျော်ပြန်တက်ပါက သင်တန်းကြေး၏ ကျသင့်ငွေ၏ 50% ကို Discount ရရှိမည်ဖြစ်သည်။