Mobirise Website Builder

LCCI LEVEL I & II



LONDON CHAMBER OF COMMERCE AND INDUSTRY - LCCI (UK)

(1) LCCI (UK) London Chamber of Commerce & Industry (United Kingdom)

(2) PQI-Pearson Qualification International

ဘာသာရပ်ပေါင်းများစွာအတွက် LCCI မှချီးမြှင့်သည် Certificate & Diploma များရရန်ဘာသာရပ် အလိုက် Sillabus များထုတ်ပြန်ခြင်း ၊ Text Book များထုတ်ပြန်ခြင်း ၊ Exam Question များထုတ်ခြင်း၊ စာမေးပွဲကျင်းပပေးခြင်း၊ Diploma & Certificate များပေးခြင်းကို PQI(UK) မှစီစဉ်သည်။


(3) LCCI Financial Subjects

(i)1st Level-Book-keeping(IAS)(Certificate Course)

(ii)2nd Level-Book-keeping & Accounting (IAS) (Certificate Course)

(iii)3rd Level(Diploma Course)
(1)Accounting(IAS)
(2)Cost and Management Accounting
(3)Advanced Business Calculations
(4)Auto Count (Computerised Accounting)


(4) 1st & 2nd Level, Book-keeping & Accounts

- 1st & 2nd Level ပေါင်းသင်ကြားရမည်။
- 2nd Level ကိုသာဝင်ရောက်ဖြေဆိုရမည်။
- အချိန်ကာလ(၆)လခန့်ကြာမည်။

- ခန့်မှန်းကုန်ကျစရိတ်(ကျပ်)
- သင်တန်းကြေး - 90,000
- စာမေးပွဲကြေး (32 US$) x 1300 - 41,600
- Total - 131,600

Level I&II သင်တန်းအောင်မြင်ပါက စာရင်းကိုင် ပညာ အခြေခံအဆင့် ကျွမ်းကျင် မည်။

LCCI(UK) မှကျင်းပသော စာမေးပွဲဝင်ရောက်ဖြေဆိုအောင်မြင်ပါက LCCI(UK) မှ ချီးမြှင့်သော Certificate ရမည်။ လစာကျပ် 100,000 – 150,000 ၀န်းကျင်ဖြင့် ပြည်တွင်းကုမ္ပဏီများတွင် ၊ Cashier, Book-Keeper, Ledger Clerk စသည်ဖြင့် အလုပ်အကိုင် ရရှိနိုင်သည်။


(5) 3rd Level Diploma Course

ကျောင်းမှအဓိကဖြေဆိုရန်အတွက် ဆရာအကြံပြုသည့် Diploma မှာ Diploma in Accounting and Finance ဖြစ်ပါသည်။ ထို Diploma အတွက် Exam ဖြေဆိုမည်ဆိုပါက Major ဘာသာဖြစ်သည့် Accounting နှင့် Cost and Management Accounting ဘာသာရပ်(၂)ခုကို မဖြစ်မနေပါဝင် ဖြေဆိုရပါမည်။ Minor ဘာသာ(၂)ဘာသာတွင် မိမိကြိုက်နှစ်သက်ရာ(၁)ဘာသာကို ရွေးချယ်ဖြေ ဆိုနိုင်ပါသည်။ ထို(၂)ဘာသာတွင် (ABC) ဘာသာသည် Major ဘာသာမှ စာများနှင့် ဆက်စပ်နေခြင်း ၊ သင်ကြားရမည့် အခန်းနည်းခြင်း ၊ ကျောင်းသာအများစုရာနှုန်းပြည့် နည်းပါးအောင်မြင်စွာ ဖြေဆိုနိုင်သည့် အတွက်ကြောင့် အဓိကရွေးချယ်သင့်ပါသည်။

ထို Diploma အတွက်စုစုပေါင်း ဖြေဆိုရမည့်ဘာသာများမှာ - Accounting + Cost and Management Account + Advanced Business Calculation (ABC) (or) Auto Count အထက်ပါဘာသာရပ်(၃)ခု တစ်ပြိုင်တည်း အောင်မြင်ပါက (Diploma in Accounting and Finance) Diplomaကိုတစ်ပါတည်း ရရှိမည်ဖြစ်သည်။

အခြားဖြေဆိုနိုင်သည့် Diplomaမှာ Group Diploma in Cost and Management Accounting ဖြစ်ပါသည်။ ထို Diplomaတင်၍ Examဖြေဆိုမည်ဆိုပါက Cost and Management Accounting ဘာသာရပ်ကို မဖြစ်မနေပါဝင် ဖြေဆိုရပါမည်။ အခြားဘာသာရပ်များဖြစ်သည့် (1)Accounting (2)Advanced Business Calculation (ABC) (3)Auto Count Sub (၃)ခုမှ မိမိကြိုက်နှစ်သက်ရာနှစ်ဘာသာကို ရွေးချယ်ဖြေဆိုရပါမည်။

ထို Diplomaအတွက်စုစုပေါင်းဖြေဆိုရမည့်ဘာသာများမှာ (1) Cost and Management Accounting + (2) Sub (ကြိုက်နှစ်သက်ရာရွေးရန်) Accounting (or) Advanced Business Calculation (ABC) (or) Auto Count အချုပ်အားဖြင့်ဆိုသော်
(1) Accounting and Cost Management Accounting
(၂)ဘာသာကို Title တင်ပြီး any (1)sub ကိုပေါင်းပြီး (၃)ဘာသာကို Exam ဖြေဆိုပါကDiploma in Accounting and Finance ကိုရရှိပါမည်။
(2) Cost and Managemenet Accounting (၁)ဘာသာကို Title တင်ပြီး any (2) Sub ကိုပေါင်းပြီး (3) ဘာသာကို Exam ဖြေဆိုပါက Group Diploma in Cost and Management Accounting ကိုရရှိမည်ဖြစ်သည်။

အကယ်၍ ဘာသာရပ်အချို့ကို ကျရှုံးခဲ့ပါက ကျရှုံးသည့်ဘာသာရပ်များကို တစ်နှစ်အတွင်း ပြန်လည် ဖြေဆိုပြီး တစ်နှစ်အတွင်း အောင်ဖြင်ထားသည့်ဘာသာရပ် (၃)ခုပေါင်းပြီး (Diploma) ပြန်လည်လျှောက်နိုင်ပါသည်။ သတိပြုရန်မှာ - ရရှိထားသော Certificate များကို Diploma ပြန်လျှောက်မည်ဆိုပါက ရှေ.မှရရှိထားသော Certificate Date များသည်နောက်ဆုံးရရှိသော Certificate Date နှင့် (၁)နှစ်အတွင်းရှိနေမှသာလျှင် Diploma ကိုပြန်လျှောက်၍ ရရှိနိုင်မည်ဖြစ်သည်။ခန့်မှန်းကုန်ကျစရိတ်
4 Subjects သင်တန်းကြေး 300,000
စာမေးပွဲကြေး (US $36) x 3 x 1300 140,400
Total - 440,400


LCCI 3rd Level အောင်ပါက စာရင်းကိုင်ပညာအထက်တန်းအဆင့် ကျွမ်းကျင်မည်။

ပြည်တွင်း ကုမ္ပဏီများတွင် Assistant Account နှင့် Account အဖြစ် လုပ်ကိုင်နိုင်မည်။ လုပ်ငန်းနှင့် အတွေ့အကြုံ English ဘာသာ ကျွမ်းကျင်မှုပေါ်မှုတည်၍ ကျပ်လစာ K-150,000 – 300,000 နှင့်အထက် ရနိုင်သည်။

Singapore တွင်လုပ်ငန်းအတွေ့အကြုံ၊ Englishဘာသာကျွမ်း ကျင်မှုပေါ်မှုတည်၍ S Pass ဖြင့် S$ 1500 to S$ 1800 ခန့်ထိ ရနိုင်သည်။


(6) စာမေးပွဲကျင်းပဖြေဆိုခြင်း

- Exam (8) ကြိမ်ဖြေဆိုနိုင်သည့်လများမှာ January, March, April, June, July, September, November, December ကျောင်းမှဖြေဆိုရန် အတွက် ရွေးချယ်ထားသော လများမှာ နှစ်တစ်နှစ်၏ Clendar Year အရ April, July, December အထက်ပါလများတွင် ဖြေဆိုနိုင်ရန်ရည်ရွယ်ပြီး အတန်းများကိုဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

Exam ကို British Council Exam Unit မှ ကြီးမှူးကျင်းပသည်။

မေးခွန်းများအားလုံး (UK) တွင်ထုတ်၍၊ answer paper များအားလုံးကို (UK) သို့ပို့၍ စစ်ဆေးသည်၊ အောင်စာရင်းက (UK) မှထုတ်ပြန်သည်။ Diploma & Certificate များကို (UK) တွင်ပုံနှိပ်သည်။

စာမေးပွဲဖြေပြီး (၂) လခန့်အကြာတွင် အောင်စာရင်း ထွက်လေ့ရှိသည်။

စာမေးပွဲကြေးသွင်းခြင်း၊ စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားထုတ်ပေးခြင်း၊ အောင်ရှုံးစာရင်း ထုတ်ပြန်ခြင်း၊(UK) မှ ပို့လိုက်သော Diploma & Certificate ကဒ်များထုတ်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို ကျွန်တော်တို့ သင်တန်းကျောင်းမှ LCCI (UK) \ Registered Center တစ်ခုအနေဖြင့် ဆောင်ရွက်ပေးမည်။

April Series အတွက် စာမေးပွဲကြေးကို January လခန့်တွင် ပေးသွင်းရမည်။

July Series အတွက် စာမေးပွဲကြေးကို April လခန့်တွင် ပေးသွင်းရမည်။

December Series အတွက် စာမေးပွဲကြေးကို September လခန့်တွင် ပေးသွင်းရမည်။

ဘာသာရပ် အားလုံးအတွက် ယေဘုယျအားဖြင့် အောင်မှတ်(၅၀)၊ Merit မှတ် (၆၀)၊ ဂုဏ်ထူးမှတ် (၇၅) ဖြစ်သည်။ မေးခွန်းလွယ်ခြင်း ၊ ခက်ခြင်းပေါ်တွင်မူတည်၍ အမှတ်အပြောင်းအလဲရှိပါသည်။


(7) စာရင်းကိုင်ပညာနှင့်ပါတ်သက်၍ ဆက်လက်လေ့လာဖြေဆိုသင့်သော သင်တန်းများ

LCCI Level I & II Book-keeping & Accounting သည် စာရင်းကိုင်ပညာတွင် အခြေခံအဆင့်သာ ရှိပါသည်။

LCCI Level III သည် စာရင်းကိုင်ပညာတွင် အထက်တန်းအဆင့်သာ ရှိပါသည်။

ထို့ကြောင့် တက္ကသိုလ်အဆင့်စာရင်းကိုင်ပညာများကို အောက်ပါအတိုင်း ဆက်လက် လေ့လာသင့်ပါသည်။ သို့မှသာ Professional Account / Financial Controller/ Chief Financial Officer (CFO) များ ဖြစ်နိုင်မည်ဖြစ်ပါသည်။
- ACCA – (Associated of Chartered Certified Account) သင်တန်းများ
- CIMA - (Chartered Institute of Management Accounts) သင်တန်းများ
- CPA (Certified Public Account)


(8) ကျောင်းစည်းကမ်းများ

ကျောင်းတက်ချိန်

သတ်မှတ်ထားသည့် ကျောင်းတက်ချိန်မှ ၅မိနစ်တွင်သင်ကြားခြင်းကို စတင်မည်။
စာစသင်ပြီး(၁၅)မိနစ်ကြာမှ သင်တန်းခန်းမအတွင်းသို့ ဝင်ခွင့်ပြုမည်။
ထိုအချိန်တွင် သင်တန်းသူ / သာများအားလုံး အဆင်သင့်နေရာယူပြီး ဖြစ်ရမည်။
(၁၅)မိနစ်နောက်ကျပါက ဒဏ်ငွေ ၅၀ဝကျပ်၊
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလွှတ်ချိန်မတိုင်မှီ သင်တန်းခန်းမမှ ထွက်ခွာလိုပါက သင်ကြားနေသည့် ဆရာအား ခွင့်ပန်ကြား၍ ခွင့်ပြုချက်ရမှထွက်ခွာရန်။

ကျောင်းပျက်ကွက်မှု့

စာလိုက်နိုင်ရန်၊ စာမေးပွဲကိုအောင်မြင်ရန်အတွက် ကျောင်းမပျက်သင့်ပါ။
မလွဲမရှောင်သာသည့်အကြောင်းကိစ္စများကြောင့်ကျောင်းပျက်မည်ဆိုပါက၊ ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်တိုင် ရမည်။.
ကျောင်းပျက်တိုင်းပျက်တိုင်း ခွင့်တိုင်သည်ဖြစ်စေ၊ မတိုင်သည်ဖြစ်စေ၊ အုပ်ထိန်းသူသို့ ကျောင်းမှအကြောင်းကြားမည်။
(၁)ချိန်ပျက်ကွက်လျှင် (ခွင့်တိုင်ပါက) ဒဏ်ငွေ ၅၀ဝ ကျပ်၊ (ခွင့်မတိုင်ပါက) ဒဏ်ငွေ ၁၀ဝ၀ ကျပ်။
အဝေးသင်စာမေးပွဲဖြေမည့်သူများ စာမေးပွဲဖြေသည့်ရက်အတွင်းသာ ခွင့်ပေးပါမည်။
Professional Exam ဖြစ်သည့်အတွက် Unseen Question များအား ဖြေဆိုနိုင်ရန် အိမ်စာများ ပေး၍လေ့ကျင့်ပေးမည်။
ယနေ့ပေးသည့် အိမ်စာများကို နောက်တစ်နေ့တွင် သက်ဆိုင်ရာအတန်းပိုင်ဆရာ မှစစ်ဆေးမည်ဖြစ်သည်။
(ဥပမာ-စနေနေ့တွင် ပေးသည့်အိမ်စာကို တနင်္ဂနွေနေ့တွင်စစ်မည်။) အိမ်စာမတွက်ပါက တစ်ပုဒ်လျှင်ဒဏ်ငွေ -၅၀ဝိ/-

Tutorial

Professional Exam ဖြစ်သည့်အတွက် Unseen Question များအား အချိန်ကိုက်ဖြေဆိုနိုင်ရန်။
ပညာရပ်ကိုနားလည်တတ်ကျွမ်းရန် အပတ်စဉ် Tutorial Exam များကျင်းပ၍ လေ့ကျင့်ပေးမည်။
February လပထမပတ်မှစ၍ အပတ်စဉ်ဘာသာရပ်အလိုက် အစမ်းစာမေးပွဲများ ကျင်းပပေးမည်။
အပတ်စဉ် Tutorial Exam များကိုမည်သည့်အကြောင်းကြောင့်မှ မပျက်ကွက်ရ။ ပျက်ကွက်ပါက ခွင့်တိုင်လျှင် ဒဏ်ငွေ ၅၀ဝ ကျပ်၊ ခွင့်မတိုင်လျှင် ဒဏ်ငွေ ၁၀ဝ၀ကျပ်

Tutorial Exam များကို သတ်မှတ်သည့်ရက်အချိန်တွင်သာ ဖြေဆိုရမည်။ အချိန်ပြောင်းခွင့်မပြု။ Intensive Revision စာမေးပွဲအနီးကပ်အချိန်ပို (၂၁)ရက်ဆက်တိုက်ခေါ်လျှင် ဘာသာရပ်တစ်ခုလျှင် မေးခွန်းဟောင်းအပုဒ်(၃၀)ခန့် ကိုတွက် ချက်ပေးမည်။

အထက်ပါအချိန်ကို မည်သည့်အကြောင်းကြောင့်မှ မပျက်ကွက်ရ၊ ပျက်ကွက်ပါက စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားထုတ်ပေး မည်မဟုတ်ပါ။


သင်တန်းပြီးဆုံးကြောင်း Certificate ထုတ်ပေးခြင်း၊

- ကျောင်းခေါ်ချိန် (ပုံမှန်ကျောင်းတက်ချိန်)
- ကျောင်းခေါ်ချိန် (Intensive Revision အချိန်)

စာမေးပွဲအမှတ်များ Level II Test (3) နှင့် Test (4) ဘာသာရပ်အားလုံး အမှတ်(၄၀)အထက်ရရမည်။

Level II Test (1,4,5,6) များအားလုံးအမှတ်(၄၀)နှင့်အထက်ရရမည်။ အထက်ပါစည်းကမ်း များနှင့် မညီညွတ်ပါက Certificate ထုတ်ပေးမည်မဟုတ်ပါသဖြင့် အထူး သတိပြုကြပါရန်။


(9) ပညာသင်ဆု

LCCI Level III (50%) Scholar ရွေးချယ်သောအချက်များ
(၁) ကျောင်းခေါ်ချိန် 100% ရှိရပါမည်။
(၂) စာမေးပွဲ စုစုပေါင်းအမှတ်အများဆုံးဖြစ်ရမည်။
(၃) LCCI Level II UK Exam ဝင်ဖြေသူဖြစ်ရမည်။
(၄) LCCI Level II ကို Series ဆက်တိုက်တက်နိုင်သူဖြစ်ရမည်။
(၅) အတန်းပိုင်ဆရာ/ဆရာမများမှ ထောက်ခံသူဖြစ်ရမည်။
(၆) အတန်းတစ်တန်းလျှင် (၁)ဦးရွေးချယ်ပါမည်။


LCCI Level II 100% ရွေးချယ်သောအချက်များ
(၁) ကျောင်းခေါ်ချိန် 100% ရှိရပါမည်။
(၂) LCCI Level II UK Exam Distinction နှင့်အောင်ရမည်။
(၃) LCCI Level II ကို UNLA တွင်တက်ပြီး LCCI Level II က Series ဆက်တိုက်တက် သူဖြစ်ရပါမည်။
(၄) စာမေးပွဲစုစုပေါင်းအမှတ် အများဆုံးဖြစ်ရမည်။
(၅) အတန်းပိုင်ဆရာ/ ဆရာမမှထောက်ခံသူဖြစ်ရမည်။
(၆) အတန်းတစ်တန်းလျှင် အနည်းဆုံး(၁)ဦး ရွေးချယ်ပါမည်။


LCCI-UK (Exam Fees) & UNLA School (Tution Fees) Full Scholar ရွေးချယ်သောအချက်များ

(၁) LCCI Level II UK Exam Distinction နှင့်အောင်ပြီး၊ Level II တွင် အမှတ်အများဆုံး စာရင်းဝင်ရပါမည်။
(၂) LCCI Level II ကိုယခုချိန်ထိ ကျောင်းတွင် ဖြေထားသော စာမေးပွဲများအောင်မြင်ပြီး အမှတ်အများဆုံး ရသူများ ဖြစ်ရပါမည်။
(၃) LCCI Level II ကျောင်းခေါ်ချိန် ယခုချိန်ထိ 100%ရှိရပါမည်။
(၄) BC Exam Scholar ရလျှင် UNLA မှ သင်တန်းကြေးအားလုံးကို Scholar ပြန်အမ်းပေးပါမည်။
(၅) Scholar ရပြီးသူများ ကျောင်းတက်မှန်ပြီး UK Exam ကိုအောင်မြင်ရပါမည်။ ကျရှုံးလျှင်သော် လည်းကောင်း၊ မဖြေဖြစ်သော် လည်းကောင်း (Scholar Exam Fee + UNLA Tution Fees) ကိုပြန်ပေးသွင်းရပါမည်။ LCCI Level II 3D, Medal ရရှိသောသူများအား Scholar ပေးခြင်း၊ ACCA, CIMA, Auto Count, OJT, Excel for Account တို့မှ ကြိုက်နှစ်သက်ရာ (၁)ဘာသာ Scholar ရရှိပါမည်။

မှတ်ချက်။ ။ ပညာသင်ဆုများထပ်နေလျှင် တစ်ခုကိုသာ ခံစားခွင့်ရှိပါသည်။