mobirise.com

OUR SERVICES

SERVICES

Provide full air conditioning classroom
Qualified and experienced lecturers
Study Guide services
Exam Registration
Member Registration
Exam Revision course as additional services for our students
Registration Centre

အင်္ဂလန်နိုင်ငံသို့ စာမေးပွဲကြေး ပေးသွင်းခြင်း၊ စာမေးပွဲဖြေဆိုခွင့် ကဒ်ပြား ထုတ်ပေးခြင်း၊ အောင်/ရှုံးစာရင်း ထုတ်ပြန်ခြင်း၊ အင်္ဂလန်နိုင်ငံမှ ပေးပို့သော Diploma နှင့် Certificate များ ထုတ်ပေးခြင်း စသည့် ဝန်ဆောင်မှုများကို သင်တန်းသားများ အဆင်ပြေချောမွေ့မှု ရှိစေရန်အတွက် ကျွန်တော်တို့ NLA သင်တန်းကျောင်းမှ LCCI (UK)Registered Centre တစ်ခု အနေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ACCA, CIMA အစရှိသော ဘာသာရပ်များ တက်ရောက်ရာတွင် လိုအပ်သော Registration Fees သွင်းခြင်း ၊ Annual Fees သွင်းခြင်း ၊ Registration Card ထုတ်ပေးခြင်း အစရှိသည်များကိုလည်း ဆောင်ရွက်ပေးပါသည်။

Computerized Accounting စာမေးပွဲများ ဖြေဆိုမှုကိုလည်း NLA သင်တန်းကျောင်းမှာပင် ဖြေဆိုနိုင်ရန် စီစဉ်ပေးလျှက် ရှိပါသည်။

Qualified and experienced Lecturers
ဘာသာရပ်အလိုက် သင်ကြားမှုတွင် ဆရာဦးနေလင်းအောင် ကိုယ်တိုင်နှင့် အရည်အသွေးပြည့်ဝ၍ စာသင်ကြားမှု အတွေ့အကြုံများပြားသည့် သွက်လက်ထက်မြက်သော ဆရာ/ ဆရာမများမှ စိတ်ရှည်သည်းခံစွာ သင်ကြားပြသ ပေးလျှက်ရှိပါသည်။ဘာသာရပ်များ သင်ကြားရာ၌ နေ့စဉ်သင်ကြားမှု သင်ခန်းစာများ၊ ပုဒ်စာအရေအတွက်နှင့် သင်ကြားမှုပုံစံ၊ သင်ကြားပြသမှု အာဘော်မှ စ၍ ပုဒ်စာတိုင်း၏ တွက်ချက်ပုံ၊ တွက်ချက်နည်းစသည့် သင်ရိုးညွှန်းတမ်းများကို တသတ်မှတ်တည်း ရှိစေရန် ဆရာ၊ ဆရာမများအားလုံး တပြေးညီ ညှိနှိုင်းထားသဖြင့် မည့်သည့် ဆရာ၊ ဆရာမနှင့် သင်ကြားသည် ဖြစ်စေ သင်ကြားပို့ချမှု ပုံစံမှာ စာသင်ခန်းတိုင်း၊ Section တိုင်း အတွက် ကွဲပြားခြားနားမှု အခက်အခဲမရှိ တူညီနေမည် ဖြစ်သည်။

Study Guide services
ဘာသာရပ်များအား ထပ်မံ လေ့ကျင့် သင်ကြား တွက်ချက်လိုသည့် စာသင်သားများ အတွက် Study Guide များ လိုအပ်ပါက NLA သင်တန်းကျောင်းမှ ဂုဏ်ထူးများဖြင့် အောင်မြင်ထားသော အရည်အသွေးပြည့်ဝသည့် ကျောင်းသားဟောင်းများအား ခေါ်ယူ လေ့ကျင့် သင်ကြားနိုင်ပါသည်။
Study Guide ဖြင့် သင်ကြားရာတွင် အဆင်ပြေမှုရှိစေရန်အတွက် NLA သင်တန်းကျောင်းတွင် ကျယ်ဝန်း အေးဆေးသည့် Study Room ကို လည်း ထားရှိပေးထားပါသည်။
Study Guide ခေါ်ယူလိုပါက NLA သင်တန်းကျောင်း reception တွင် မိမိအမည်၊ သင်ကြားလိုသည့် ဘာသာနှင့် မိမိသင်ကြားလိုသည့်အချိန်များအား ပြောကြား၍ Study Guide ခေါ်ယူချင်ပါသည်ဟု စာရင်းပေးထားလျှင် သင်ကြားပေးမည့်သူ ထံမှ မကြာခင် ဆက်သွယ်လာမည် ဖြစ်ပါသည်။

Exam Revision course as additional services for our students
စာမေးပွဲ ဖြေဆိုရန် အချိန်နီးကပ်လာပါက Intensive Revision အနေဖြင့် သင်ရိုးအစမှအဆုံးတိုင်အောင် ပုဒ်စာများ အားလုံးနီးပါး ပြန်လည်တွက်ပြ၍ ဆွေးနွေးလေ့ကျင့်မှု ပြုလုပ်ပေးပါသည်။
စာမေးပွဲကြီးဖြေဆိုရန် အချိန်နီးကပ်လာပါက မိမိ၏ တွက်ချက်မှု အရည်အသွေးနှင့် အချိန်ကိုက်လေ့ကျင့်ဖြေဆိုမှု ပြုနိုင်ရန်အတွက် အင်္ဂလန်မှစာမေးပွဲကြီး မေးခွန်းပုံစံအတိုင်း စာမေးပွဲများဖြေဆိုလေ့ကျင့်ပေးပြီး အမှတ်အများဆုံး ရရှိအောင်ဖြေဆိုနိုင်သူများအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ပေးပါသည်။

Monthly Exam , Given Award & Fine to Students
ဘာသာရပ်တိုင်းတွင် သင်တန်းအစမှနေ၍ သင်တန်းသားများ စာမေးပွဲမေးခွန်းများနှင့် နီးစပ်မှု ရှိနေစေရန် အချိန်ကိုက်ဖြေဆိုရမည့် စာမေးပွဲများ လစဉ်လတိုင်းတွင် ပြုလုပ်ပေးပါသည်။
လစဉ်ဖြေဆိုသော စာမေးပွဲများတွင် အမှတ်အများဆုံးရရှိသူများအား စာသင်ခန်းတွင်း၌ပင် ဆုကြေးငွေများ ချီမြှင့် ပေးအပ်လျှက်ရှိပါသည်။
နေ့စဉ်နေ့တိုင်းတွင် သင်ကြားလိုက်သော ပုဒ်စာများ ကျေညက်စေရန်နှင့် ကိုယ်တိုင်ကိုယ်ကျ တွက်ချက်တတ်စေရန် အိမ်စာများပေး၍ လေ့ကျင့်မှုများ ပြုလုပ်စေပါသည်။ ထိုအိမ်စာများအား ဆရာ၊ဆရာများ ကိုယ်တိုင် တစ်ပုဒ်စီ သေချာစွာ အမှတ်ခြစ် အကဲဖြတ်ပေးလျှက်ရှိပါသည်။ အိမ်စာ စာအုပ် မထပ်သောသူများအား ဒါဏ်ကြေးများ ပေးဆောင်စေ၍ ၄င်းဒါဏ်ကြေးများဖြင့် စာမေးပွဲတွင် အမှတ်များသော သူများထံသို့ ဆုချီမြှင့်ပေးလျှက်ရှိပါသည်။

Provide full air conditioning classroom
စာသင်ခန်းများသည် သပ်ရပ်သန့်ရှင်း၍ လေအေးပေးစက်များ၊ ပန်ကာများ တပ်ဆင်ထားသည့် ကျယ်ဝန်းသော စားသင်ခန်းများဖြင့် သင်ကြားပေးပါသည်။
တစ်ဦးချင်းအလိုက် ကွန်ပြူတာဖြင့် လေ့ကျင့်သင်ကြားရမည့် ဘာသာရပ်များတွင်လည်း ခေတ်မီသော ကွန်ပြူတာ များဖြင့် သင်ကြားပေးခြင်း၊ တစ်ဦးချင်းအလိုက် စားပွဲထိုင်ခုံများ၊ ကျယ်ဝန်းသည့် စာသင်ခန်းများ၊ ကျယ်ပြန့်သည့် whiteboard ကြီးများဖြင့် ဆိတ်ငြိမ်အေးချမ်းစွာ နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားပေးပါသည်။

Students Library
သင်တန်းသား၊ သင်တန်းသူများအတွက် ဘာသာရပ်ဆိုင်ရာ စာပေများကို လေ့လာနိုင်ရန်အတွက် နိုင်ငံတကာမှ စာရင်းအင်း ဘာသာရပ်ဆိုင်ရာ စာအုပ်များအပြင် အသိဥာဏ်ကြွယ်ဝစေရန် နှင့် ဗဟုသုတရစေရန် ဟာသ၊ ရသ စာအုပ်စာပေများပါ ဖြည့်တင်းပေးထားသည့် စာကြည့်တိုက်ကိုလည်း ထားရှိပေးထားပါသည်။

School Canteen
ကျောင်းသား၊ ကျောင်းသူများ စားသောက်ရေးရာတွင် အဆင်ပြေလွယ်ကူစေရန် သန့်ရှင်းသန့်ပြန့်၍ လက်ဆပ်သည့် စားသောက်ဖွယ်ရာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးသော School Canteen ကို ဖွင့်လှစ်ပေးထားပါသည်။
School Canteen မှ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ နန်းကြီးသုပ်၊ စမူဆာ၊ အကြော်စုံ အစရှိသော လက်ဆပ်သန့်ရှင်းသည့် အစားအစာများအပြင် ခေါက်ဆွဲပြုပ်၊ ကော်ဖီ၊ အအေးစုံ၊ အာလူးကြော်၊ ပေါင်မုန့်၊ ဝေဖာ၊ အချဉ်ထုပ် အစရှိသော ကျောင်းသားများ ကြိုက်တတ်သည့် စားသောက်ဖွယ်ရာများကို ကျယ်ဝန်းသပ်ရပ်သည့် School Canteen တွင် ဈေးနှုန်းချိုသာစွာဖြင့် အလွယ်အကူ ၀ယ်ယူ စားသောက်နိုင်ပါသည်။
School Canteen မှ ရရှိသည့် အမြတ်ငွေလေးများအား ပရဟိတ လုပ်ငန်းများတွင် လှူဒါန်းမှုများ ပြုလုပ်ပေးပါသည်။